Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကာလာစုံ အရွယ်စုံ မင်းသမီးတို့ စုံခဲ့တဲ့ Bella ပွဲလေး

အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင် တဲ့ သရုပ်ဆောင်တို့ စုံစည်းခဲ့ကြရာ Bella ရဲ့ ရေမွှေးမိတ်ဆက်ပွဲမှာတော့ တကယ့်ကို ကာလာစုံစုံလင်လင် အရမ်းကိုလှပခဲ့ပါတယ်။ ဝါရင့် အကယ်ဒမီ မင်းသမီးတွေလို့ပြောရမယ့် စိုးမြတ်သူဇာ ထက်ထက်မိုးဦး အိန္ဒြာကျော်ဇင် မိုးဟေကိုနဲ့ ဖွေးဖွေးတို့ ဆုံခဲ့ကြတဲ့ ပွဲလေးဖြစ်ပါတယ်။

ပရိသတ်ကိုယ်စီနဲ့ အောင်မြင်နေကြတဲ့ မင်းသမီးတွေဖြစ်ပြီး ကျရာ ဇာတ်ရုပ်မှာလဲ အကောင်းဆုံး သရုပ်ဆောင်နိုင်သူတွေဖြစ်ပြီး မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတွေလဲ ဖြစ်ပါတယ်။

အားလုံးထဲက အငယ်ဆုံး လေးကတော့ ဖွေးစိန်လေးပါ သူမကတော့ အကယ်ဒမီ ၃ဆုပိုင်ရှင်လေးပေါ့။

နောက်ထပ် တစ်ယောက်ကတော့ မိုးဟေကို ပါဘဲ ။ သူမကတော့ အကယ်ဒမီမရရှိသေးပေမယ့် သူမကို အားပေးတဲ့ ပရိသတ်တွေက မနည်းလှပါဘူး။

ဒိတ်ဒိတ်ကြဲနောက်တစ်ယောက်ကတော့ အိမ်ထောင်ကျပြီး ကလေးနှစ်ယောက် မေမေဖြစ်နေချိန်အထိ အောင်မြင်မှုတွေနဲ့ အလှတရားတွေကို ထိန်းသိမ်းထားနိုင်သူ အိန္ဒြာကျော်ဇင်ပါ။

ဒီတစ်ယောက်ကတော့ တစ်ချိန်က ဒိတ်ဒိတ်ကြဲ အောင်မြင်ခဲ့တဲ့ ကြော်ငြာ ဘုရင်မ လို့တောင် တင်စားကြတဲ့ ထက်ထက်မိုးဦးပါ။

မကြီးစိုးကတော့ ဘယ်လိုတွေမှတောင် ညွှန်းနေစရာမလိုလောက်အောင် ပြည့်ပြည့်စုံနေတဲ့ မဟာဆန်သူကြီးပါနော်။ ဒီအသက်အရွယ်အထိ အောင်မြင်မှုတွေကော အလှတရားတွေရော မှေးမှိန်သွားခြင်း မရှိသေးပါဘူး ။

ဒိတ်ဒိတ်ကြဲ ၅ယောက်ရဲ့ အလှတရားကို ပရိသတ်တွေ ဆီချပြလိုက်ပြီနော် ယူတို့ရဲ့ အချစ်တော်က ဘယ်သူဖြစ်မလဲ ဆိုတာ ပြောပြခဲ့ကြပါဦး ။ ဖတ်ရှု့သူအားလုံးကို ကျေးဇူးတင်ပါတယ်။

Source – Bella’sfb

(Visited 344 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ