Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကလေးအသားခါးသည် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား စတင်ရိုက်ကူး

မိဘတွေကြားမှာ အိမ်မက်ဆိုးတစ်ခုလိုဖြစ်နေတဲ့ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်တွေ သတင်းတွေဟာ တော်တော်များများကို ဆိုးရွားစွာဖြစ်ခဲ့ပါတယ်။ လူမှန်းမသိသေးတဲ့ ကလေးလေးတွေရဲ့ ဘဝကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီး ခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါ အဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး သက်ငယ်မုဒိမ်းမှုမဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်နိုင်မယ့် sex education တွေကို ဖော်ပြပေးလာကြသလို ပညာပေးရုပ်ရှင်ဇာတ်လမ်းတွေလဲ ရိုက်ကူးလာကြပါတယ်။

အဆိုပါရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ ထိမိတဲ့ စကားလုံးတွေနဲ့ ရိုက်ကွင်းရိုက်ကွက်တွေ ကြောင့် တကယ့်ကို ကောင်းမွန်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်မယ်လို့ ထင်မိပါတယ်။ ” ကလေးအသား ခါးသည် ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မင်းဆက်သစ် ။ မေတိုးခိုင် ။ လီလီကျော်ခိုင် တို့က အဓိကပါဝင်ရိုက်ကူးထားကြမှာဖြစ်ပါတယ်။

အဆိုပါရုပ်ရှင်ဇာတ်ကားကြီး ကို လွန်ခဲ့တဲ့ ၃ရက်လောက်က စတင်ရိုက်ကူးခဲ့ပြီး ရိုက်ကွင်းပုံရိပ်တွေနဲ့တင် ပရိသတ်တွေက စိတ်ဝင်စားနေခဲ့ကြတာဘဲ ဖြစ်ပါတယ်။

ပရိသတ်တွေကြည့် ရှု့နိုင်စေဖို့ ရိုက်ကွင်းပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ကြည့်ရှု့ပေးသူတွေအားလုံး ကျေးဇူးပါနော်။

Source – ကလေးအသားခါးသည် ‘ sfb page

(Visited 345 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ