Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကလေးအဖေဖြစ်တော့မှာမို့ အပျော်ကြီးပျော်နေတဲ့ သရုပ်ဆောင် ထူးခြား

မော်ဒယ် ဘဝကနေ သရုပ်ဆောင် ကောင်းတစ်ယောက်ဖြစ်လာ ခဲ့တဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ထူးခြားက ယနေ့မှာတော့ သူ့ရဲ့ ပထမဦးဆုံးသော ရင်သွေးလေးကို ရရှိတော့မှာ ဖြစ်လို့ဝမ်းသာ ပီတိဖြစ်နေပါတယ်။ သူတို့ဇနီးမောင်နှံရဲ့ အိမ်ထောင်သက် ၃နှစ်ပြည့်ပြီးချိန်မှာတော့ မိန်းမဖြစ်သူမှာ ကိုယ်ဝန် ရှိနေပြီဆိုကာ ပရိသတ်ကိုအသိပေးခဲ့တာလဲ ဖြစ်ပါတယ်။

ထူးခြားအသိပေးခဲ့ပုံကတော့ ” ဟျောင် တွေ ငါး ပတ် ရှိနေပီတဲ့… ဟ ” ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်မှာရေးသားခဲ့ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ အိမ်ထောင်သက် ၃နှစ်ကျော်ပြီဖြစ်ပြီး အိမ်ထောင်သက် ၂နှစ်ပြည့်ခါနီးမှာ အိမ်ပိုင်လေးရခဲ့ပြီး ယခုလဲ ကလေးလေး ရရှိတော့မှာဖြစ်လို့ ပြည့်စုံတဲ့ မိသားစုလေးကို တွေ့မြင်ကြရတော့မှာပါ။

သရုပ်ဆောင်ထူးခြားက မန္တလေးသားတစ်ယောက်ဖြစ်ပြီး ၂၀၀၁ခုနှစ်က အနုပညာလောကထဲ စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ သူဟာ မင်းသားကြီး ဦးကျော်ဟိန်းနဲ့အတူ ထူးခြားလာပြီဆိုတဲ့ ဇာတ်ကားကို စတင်ရိုက်ကူးခဲ့ပြီးနောက်မှာတော့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ဗီလိန်ဇာတ်ရုပ်တွေ အကြမ်းစားဇာတ်ရုပ်တွေမှာ ပါဝင်ရုပ်ဆောင်လာခဲ့ပြီး ကိုဗစ်ကာလမတိုင်မှီမှာတော့ မြင့်မြတ်နဲ့ ဒိုလေး ဆိုတဲ့ ရုပ်ရှင်ကား ရိုက်ကူးနေတာဖြစ်တယ်လို့ မီဒီယာတစ်ခုရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

သရုပ်ဆောင်ထူးခြားဟာ ရုပ်ရှင်ဇာတ်ရုပ်တွေမှာ ကြမ်းတမ်း မာကြောသလောက် အပြင်မှာကတော့ အရမ်းကိုပျော်ပျော်နေတက်တဲ့ သူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ မကြာခင်မှာ အဖေဖြစ်တော့မယ့် ထူးခြားအတွက် ချစ်တဲ့ ပရိသတ်တွေက ဂုဏ်ပြုစကားတွေပြောပေးခဲ့အုံးနော်။

ဖတ်ရူ့ပေးကြသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 9291 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ