Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကလေးရနေပြီဖြစ်လို့ ပျော်နေရှာတဲ့ စိုးရန်အောင်

ပရိသတ်တွေ ချစ်တဲ့ အနုပညာရှင်စုံတွဲဖြစ်တဲ့ စိုးရန်အောင် နဲ့ သက်သခင်တို့ဟာ အိမ်ထောင်သက်တမ်း ၂နှစ်ပြည့်မှာ ရင်သွေးလေးရရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အင်တာဗျူးတွေဖြေတိုင်း ကလေးမယူသေးဘူးလားဆိုတဲ့ မေးခွန်းကို သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာကနေ ဖြေကြားပေးလိုက်ပါပြီ။

သရုပ်ဆောင် စိုးရန်အောင်က “မကြာခဏပေါ့ဗျာ ပွဲတွေမှာ မီဒီယာတွေနဲ့တွေ့တိုင်း ကျွန်တော်တို့လင်မယားကို “ကလေးမယူသေးဘူးလား ? ဘာလို့လဲ ?မယူတာလား ? “ တဲ့လေ မိတ်ဆွေသူငယ်ချင်းဆွေမျိုးများနဲ့ဆုံရင်လဲ အဲ့အတိုင်းပဲမေးကြလေတော့ “ဟုတ်ကဲ့ ကျွန်တော်ကြိုးစားပါ့မယ်” ဆိုပြီးဖြေခဲ့မိတာပေါ့ ပြန်တွေးကြည့်တော့ ခပ်ရှက်ရှက်ရယ်😁”

“ဟုတ်ကဲ့ အခုအဖြေပြောင်းပြီးဖြေပေးပါ့မယ် ။ မကြာခင် ကျွန်တော်ဖခင်ဖြစ်ပါတော့မယ်ဗျာ!!!ကျွန်တော်တို့ရဲ့ မိဘတွေ အဘိုးအဘွားစာရင်းဝင်လို့ အကိုတွေ ဘကြီးဖြစ်ပြီပေါ့ဗျာ …!!!မိန်းမရေ ကျေးဇူးပါကွာ” လို့ ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေရေးသားဖော်ပြထားပါတယ်။

သရုပ်ဆောင် သက်သခင်နဲ့ စိုးရန်အောင် တို့ဟာ ရင်သွေးလေးရရှိနေပြီဖြစ်ပြီး ကိုယ်ဝန် ၃လလွယ်ထားရပြီလို့လဲ သိရပါတယ်။ သူတို့ဟာ ၂၀၁၈ ခုနှစ် မေလ ၅ရက်နေ့က Novotel Hotel မှာ စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာပြုခဲ့တာဖြစ်တာကြောင့် မင်္ဂလာသက်တမ်း ၂နှစ်​ကျော်ခဲ့ပြီဖြစ်ပါတယ်။

ချစ်တဲ့ ပရိသတ်ကြီးက သူတို့အတွက် ဂုဏ်ပြုစကားလေးပြောပြပေးခဲ့ကြပါအုံးနော်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 912 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ