Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကလေးနှစ်ယောက် မေမေတစ်ယောက် ရဲ့ လှပမှု

မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်တဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ဟာ အနုပညာလောကထဲစတင်တုန်းကထက် ယခုနာက်ပိုင်းမှာပိုပိုပြီးလှလာပါတယ်။ ခေတ်တွေ ဝတ်စားဆင်ယင်ပုံတွေ ပြောင်းလဲ သွားတာနဲ့ အညီ လိုက်ဖက်ညီနေတဲ့ အလှတရားကို ပိုင်ဆိုင်ထားသူမို့ တကယ့်ကို အားကြစရာကောင်းလွန်းနေပါတယ်။ သူမဟာ အနုပညာသက်တမ်း တစ်လျှောက်မှာ အမျိုးသမီးအကောင်းဆုံး ဇာတ်ဆောင်ဆုကြီး နှစ်ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။

အူဝဲဟာ သမီးတစ်ယောက်၊ သားတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကိုလဲ အကောင်းဆုံးလုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ သူမက ဒီဇိုင်နာကောင်းမြတ်ရဲ့ ဂါဝန်လေနဲ့ အပျိုရှုံးလောက်အောင် လှနေတဲ့ ပုံရိပ်တွေကတော့ ပရိသတ်တွေကြားမှာ အရမ်းကို ဟစ်ဖြစ်နေပါတယ်။

ဒါ့အပြင် အဖြူရောင် ဝတ်စုံလေးနဲ့ စိန်နန်းတော်ရဲ့ မကွေးဆိုင်ခွဲမှာ ပြုလုပ်တဲ့ ကံစမ်းမဲဖောက်ပွဲကို တက်ရောက်လာခဲ့ပြီး တကယ့်ကို အလှဆုံးထဲက အလှဆုံးလေးဖြစ်နေခဲ့ပါတယ်။ သူမကိုချစ်တဲ့ ပရိသတ်တွေကတော့ လက်ဆောင်တွေပေးခဲ့ ကြပြီး တွေ့ဆုံခဲ့ကြပါတယ်။

အိန္ဒြာကျော်ဇင်ဟာ ၂၀၀၄ ခုနှစ်က မျက်နှာများတဲ့ကောင်းကင် ရုပ်ရှင်ဇာတ်ကားမှာ စန္ဒီ ဆိုတဲ့ ကာရိုက်တာ နဲ့ အကယ်ဒမီဆု၊ ၂၀၁၇ ခုနှစ်မှာတော့ ရင်ဘတ်ထဲက ဓား ရုပ်ရှင်ဇာတ်ကားမှာ လရိပ်ဝေး ကာရိုက်တာနဲ့ အကယ်ဒမီထူးချွန်ဆုတွေကိုရရှိခဲ့တာလဲ ဖြစ်ပါတယ်။

ကြည့်ရှု့ပေးကြတဲ့ ပရိသတ်ကြီးအနေနဲ့ သူမရဲ့ ပုံလေးတွေကို သဘောကြရင် မျှဝပေးသွားကြပါဦးနော်။ အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။

Source – eaindra kyaw zin’s fb၊ Kaung Myat’s fb

(Visited 475 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ