Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကလေးတစ်ယောက် ရှိခဲ့ဖူးတယ်ဆိုတဲ့ ကောလဟာလကို သက်သေနဲ့အတူ ဖြေရှင်းလိုက်တဲ့ မယ်လိုဒီ

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိခဲ့ပြီး ရုပ်ရှင်ကားကြီးတွေသာမက ဗီဒီယို ကားတွေနဲ့ ကြော်ငြာတွေလဲ များစွာရိုက်ကူးခဲ့ရသူတစ်ယောက်ပါ ။ သူက မကြာသေးခင်ကမှ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အသိပေးခဲ့ကာ နောက်ပိုင်းမှာတော့ သူနဲ့ပတ်သက်တဲ့ ကောလဟာလတွေ ဆက်တိုက်ထွက်ပေါ်ခဲ့ပါတယ်။

အဲ့ဒီကောလဟာလတွေထဲမှာ ကလေးတစ်ယောက်ရှိခဲ့ပါတယ် ဆိုတာနဲ့ ပတ်သက်ပြီး မယ်လိုဒီက ” အကောင့်တုတွေနဲ့pageမှာ မကောင်းတာတွေ ဝင်မရေးပါနဲ့ရှင် ကျွန််မမှာ အရင်က သား ဖြစ်ဖြစ် သမီး ဖြစ်ဖြစ် ရှိခဲ့မယ်ဆိုရင် ဖုံးဖိထားလို့ရမယ်ထင်လား။ ကျွန်မရဲ့လှပမှုကြောင့်သရုပ် ဆောင် အလုပ်ကို လုပ်ဖို့ အားလုံးကတိုက်တွန်းလို့ လုပ်ဖြစ်ခဲ့တာပါ အဲ့ဒီအတွက် အကောင်းအဆိုး မျှတပါတယ်။ ကျွန်မသား ဖြစ်ဖြစ် သမီး ဖြစ်ဖြစ် မွေးထားခဲ့ရင် အသားရည်ရဲ့လှပမှုမျက်ဝန်း ရဲ့ ဆွဲဆောင်မှု ကျစ်လစ်တင်းရင်းသော ခြေတံ လက်တံ သွယ်လျပေမယ့် ကျန်းမာသန်စွမ်း ရေသန့်ဗူးကြီးတောင်အသာလေး မ နိုင်တဲ့ လက်ချောင်ကလေးများ”

“ပုံသေနည်းမရှိပေမယ့် နှလုံးသားနဲ့ချက်လို့ အမြဲစားကောင်းတဲ့အစားအသောက်များ သိပ်ချစ်တတ်ပြီး အချစ်ကိုတန်ဖိုးထား ချစ်တဲ့သူကို ဖူးဖူးမှုတ် ထားတတ်ပြီး ချစ်ခြင်းကိုစော်ကားရင်တော့ လွှတ်ချလိုက်ဖို့ ဝန်မလေးသူ ကိုယ်မကြိုက် မချစ်ရင် ဘာဘဲအမ်းအမ်းမယူဘဲ ချစ်ကြိုက်မိလို့ကတော့ စည်းစိမ်မက ချော်ကီးအိမ်ပါထုတ်အမ်းချင်သူ😜”

“အမေနဲ့မက နောက်ဆက်တွဲတွေကိုပါ ရေမီးစုံလေထီးခုန်လို့ရအောင်ထားနိုင်သူ တစ်အိမ်တည်းအတူတူနေတာတောင် စားပြီးသောက်ပြီးတစ်လ ၅သိန်းလစဉ်ကန်တော့တဲ့သူ ဘုရားဖူး ခရီးထွက်ရင်ထပ်ပေးသူ စေတနာဆရာမအဖြစ် တောကျောင်းလေးမှာ စာသင်ပေးခဲ့သူ အဒေါ်အပျိုကြီးတွေဆုံးမမှု့အောက်မှာယဉ်ကျေးလိမ်မာပြီ အဒေါ်တွေလက်ကလွတ်တာနဲ့ မီးကုန်ယမ်း ကုန် ကဲတဲ့သူ😷😎”

” မိဘမဲ့ကလေး HIV ဖြစ်နေတဲ့သူတွေအတွက် အိမ်ထောင်မပြုခင်ထိ လှူတန်း လုပ်အားပေးရန် အမြဲရှိနေခဲ့သူ ၊ ဘုရား တရား သံဃာ ကို လက်လာဘ အတွက်ကိုးကွယ်ဖို့မဟုတ်ဘဲကောင်းမွန် သော လမ်းစဉ်ကို လိုက်နာကျင့်ကြံကြိုးစားနေသူလေး ၊ ထက်မြတ်ပြီး စိတ်ထားမြင့်မြတ်တဲ့အမျိုးသမီးကောင်းတွေဆီက အကြင်နာ မေတ္တာနဲ့ မြတ်စွာဘုရားရဲ့တရားတော်များအား သင်ယူနေသူလေး(ဆိုးတာက အစ်မတွေနဲ့မဆိုင်ဘူး အော်ဆိုးလေး)”

“ဆက်ဖေါ်ရင် ကိုယ့်ကိုကိုယ်ဖေါ်မသူတော်ဖြစ်တော့မယ်😜 ကဲ အဲ့လိုကလေးမျိုးလေးဘဲဖြစ်နေမယ့်သူကို ဖွက်ထားလို့ရပါ့မလား ကျွန်မကမွေးရင် ၅၀%တော့ကျွန်မနဲ့တူမှာသေချာတယ်အလကားနေ game ကစား online ပေါ်တတ် စကားဖွ အကု သိုလ် ပေးတဲ့အလုပ်မလုပ်သူ ကျွန်မသာတကယ်မွေးထားခဲ့ရင် ကျွန်မကလေးက ကျွန်မတင်မကဘူး ကျွန်မနဲ့ပက်သတ်တဲ့သူကိုပါ ထမင်းစားပွဲရှေ့ရောက် ထမင်းမအေး ဟင်းမအေးပူပူနွေးနွေး ကျန်းမာရေးနဲ့ညီညွှတ်အောင် ထားတဲ့ သားသမီးဖြစ်နေမှာ”

“ဒါကြောင့်စိတ်ကူးယဉ်အကုသိုလ်ဇာတ်လမ်းတွဲထဲမှာဘဲ စီးမြောမနေကြပါနဲ့ အနာဂတ်မှာ ချစ်ခြင်းမေတ္တာအပြည့်နဲ့လေးစားတန်ဖိုးထား ချစ်တတ်မယ့် သိဒ္ဓိစစ် Siddhi Sittလေးကိုဘဲ မျှော်မှန်းမေတ္တာပို့ကာ အချစ်တွေစုထားကြပါနော် မေမေရှာသမျှ သားချစ်တဲ့ သမီး ဒါမှမဟုတ် အချော်လေး အတွက်ပါဘဲ လိမ္မာရင် အိမ်ပါ အပိုင်ပေးမှာပါ။ အပျင်းပြေစာရေးခြင်း ခဏနားပါရစေရှင် (၇)ရက်သားသမီးအားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံကြပါစေရှင်🙏🏻🙏🏻🙏🏻🙏🏻🙏🏻” လို့ဆိုကာတိတိကျကျ အသေးစိတ်ရှင်းပြခဲ့ပါတယ်။

မယ်လိုဒီဟာ လက်ရှိမှာ ခင်ပွန်းဖြစ်သူနဲ့ တရားဝင်ပြတ်ဆဲထားပြီးနောက်မှာတော့ သူ့ရဲ့ သားချောလေးနဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းသွားမယ်လို့ အားတင်းစကားတွေပြောလေ့ရှိပါတယ်။ ဒါကြောင့် မယ်လိုဒီရဲ့ ချစ်ပရိသတ်ကြီးက သူ့ရဲ့ စိတ်ညစ်စရာတွေ ပြေပျောက်သွားအောင် အားပေးစကားပြောပေးခဲ့ကြပါအုံးနော်။

ဖတ်ရှုပေးကြသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 31084 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ