Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကလေးဆေးရုံမှာလိုအပ်နေတဲ့ အသက်ရှုစက်တစ်လုံး လှူဒါန်းလိုက်တဲ့ ဒေါင်း

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုနဲ့ ရုပ်ရှင်ကားတွေများစွာ ရိုက်ကူးလာရသလို ကိုယ်တိုင်ကလဲ အနုပညာအပေါ်ရူးသွပ်သူဖြစ်တာကြောင့် ဇာတ်ကောင်တိုင်းကို အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့သူ ဒေါင်းဟာ အလှူအတန်းမှာလဲ လက်မနှေးသူပါ။ သူဟာ ယခုအခါမှာတော့ ရန်ကုန်ကလေးဆေးရုံကြီးမှာ လိုအပ်နေတဲ့ အသက်ရှုစက်ကို လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

အဆိုပါလှူဒါန်းမှုနဲ့ပတ်သက်ပြီး ” Covid 19 စမတွေ့သေးပေမယ့် တွေ့လိုက်ရင် မြန်မာ အစိုးရဆေးရုံတွေက ဆရာဝန် ဆရာမတွေ ဘဝ က တော်တော် သတ္တိ ရှိရှိ စိတ်ဓါတ် ပြင်းပြင်းနဲ့ ကြံ့ကြံ့ခံရမယ် ဆိုတာ ရိပ်မိကြတော့ ပြည်သူတွေက တတ်နိုင် သလောက် ဝန်းရံအားပေးကြပါတယ်”

“အခုလည်း နယ်မှာ ကားရိုက်ရောက်နေတဲ့ အနုပညာလောက က ရင်းနှီး ခင်မင်နေတဲ့ ‘ဒေါင်း’ က ရန်ကုန်ကလေးဆေးရုံကြီး က ကလေးတွေအတွက် ဆွစ်ဇလန်လုပ် အသက်ရှူစက်တစ်လုံး သိန်း ၁၄၀ ခန့်နဲ့ ၂၅ သိန်းတန်ဖိုးရှိကာကွယ်ရေး ဝတ်စုံများ PPE စုစုပေါင်း ၁၆၅ သိန်းဖိုး လှူဒါန်းပါတယ်။ ဒေါင်းဟာ ခါတိုင်းလည်း ကလေးတွေ လိုတာရှိရင် ဖုန်းဆက်တာ နဲ့ ချက်ခြင်း ပြေးလာလှူတတ်သူပါ။ သာဓု သာဓု သာဓု” လို့ဆိုကာ ကလေးအထူးကုဆရာဝန်ကြီး ဦးရဲမြင့်ကျော်က ရေးသားခဲ့ပါတယ်။

လက်ရှိ တရုတ်နိုင်ငံမှတစ်ဆင့် နိုင်ငံအတော်များများမှာ ကူးစက်ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါဖြစ်တယ်လို့ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလဲ လိုအပ်နေတဲ့ ကုသရေးစက်ကိရိယာတွေကို ငွေကြေးတက်နိုင်သူတွေက လှူဒါန်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။

Snow(mcc)

(Visited 439 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ