Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကရင်ပြည်နယ်ဘက်ကို ပျော်ပျော်ပါးပါးခရီးထွက်ခဲ့ကြတဲ့ ပိုင်ဖြိုးသု တို့ ဇနီးမောင်နှံ

ပရိသတ်တွေရဲ့ ပါးစပ်ဖြားမှာ မီမောင်နှံ အဖြစ် ရေပန်းစားကျော်ကြားတဲ့ အကယ်ဒမီ ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာ ဏကြီးတို့ ဇနီးမောင်နှံဟာ လွန်ခဲ့တဲ့ ရက်ပိုင်းက ကရင်ပြည်နယ် ၊ ဖားအံ ၊တောင်ဝိုင်း စတဲ့ နေရာတွေကို အနားယူအပန်းဖြေခရီးထွက်ခဲ့ကြပါတယ်။ အဲ့ဒီအပန်းဖြေခရီးမှာ ပိုင်ဖြိုးသု ကို ခင်ပွန်းဖြစ်သူက အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ခြင်းခံခဲ့ရတဲ့ အမှတ်တရတွေကို ပြောပြလာခဲ့ပါတယ်။

တောင်ဝိုင်းကိုလမ်းလျှောက်တဲ့ နေ့ကလဲ ” ဒီနေ့နံနက်လမ်းလျှောက်မယ့်အစား တောင်ဝိုင်းသွားခဲ့တာ….calorie တွေအကြီးအကျယ် burn တာပါ….ချွေးကရေချိုးထားသလိုပဲ😂အဲဒါနဲ့ညနေ ဆော့နေကျcardio လေးတောင်မဆော့နိုင်တော့ဘူး🤪မဆော့နိုင်သော်လည်း ညစာလေးတော့ထွက်စားလိုက်ဦးမလို့…အစားကလူနဲ့တည့်တယ်မလား…ညစာမစားခင်ပုံလေးတွေလမ်းကြုံလာတင်တာ😝😝😝” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။

အဲ့ဒီနောက် ဦးရေခဲ နဲ့ ချစ်စရာကောင်းတဲ့ အမှတ်တရကိုလဲ ” တောင်ဝိုင်းအမှတ်တရကို​ပြောရမည်ဆိုရင်ဖြင့်….အတက်လမ်းတလျှောက်မှာ ဦးရေခဲ၏ “ဝတုတ်လူဆိုး….ရေသောက်” ဟုသည့်အသံကို (2)မိနစ်ခြားတစ်ခါကြားရမည်ဖြစ်ပြီး….အဆင်းလမ်းတလျှောက်မှာတော့ “ဝတုတ်လူဆိုး..ဘေးကိုကိုင်ဆင်း..သေချာကိုင်ပြီးဆင်း”ဆိုသည့်အသံကို(2)မိနစ်ခြားတစ်ခါ ကြားခဲ့ရခြင်းဖြစ်ပါသည်ရှင့်……🤣” လို့ဆိုကာ ယောကျာ်းရဲ့ ဂရုစိုက်တက်ပုံလေးကို ပြောပြခဲ့ပြန်ပါတယ်။

သူတို့ ဇနီးမောင်နှံ ဟာ ဖားအံမှာ ၃ညအိပ် ၄ရက် အပန်းဖြေခဲ့ကြပြီး လမ်းလျှောက်လေ့ကျင့်ခန်းတွေလုပ်ခဲ့တယ်ဆိုပေမယ့် အရမ်းလှလာမယ်မထင်ပါနဲ့ဆိုကာ ပိုင်ဖြိုးသုက ” ပတ်ဝန်းကျင်သို့အသိပေးအကြောင်းကြားခြင်း…လေ့ကျင့်ခန်းတွေလုပ် လမ်းတွေအရမ်းလျှောက်နေလို့ လှလာမယ်လို့လည်းမျှော်လင့်မနေကြနဲ့ဦး…ဒီအငတ်ကအစားအသောက်ကိုနောက် ကြောင်းအေးအေးအပူအပင်ကင်းကင်းနဲ့စားချင်လို့ အဲဒါတွေလုပ်နေတာ….အချိန်တန်ရင်ဒုံရင်းကဒုံရင်းပဲနေမှာ🤣” ဆိုပြီးလဲ ရေးသားပြောပြခဲ့ပါသေးတယ်။

ပိုင်ဖြိုးသု တို့ ဇနီးမောင်နှံဟာ လက်ရှိမှာတော့ ရန်ကုန်ကိုပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ပျော်ရွှင်စရာ အမှတ်တရတွေနဲ့ ကြည်နူးစရာအချိန်တွေကိုတော့ ပိုင်ဖြိုးသုကပြောပြနေဆဲပါဘဲ။ ချစ်တဲ့ပရိသတ်ကြီးက ရော တောင်ဝိုင်းကိုသွားခဲ့ဖူးတဲ့ အမှတ်တရလေးတွေရှိရင် မျှဝေပေးခဲ့ကြပါအုံးနော်။

ဖတ်ရှုပေးကြလို့ ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 6756 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ