Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကမ္ဘောဒီးယား နိုင်ငံရဲ့ ထိပ်တန်းရုပ်ရှင် ကုမ္ပဏီတစ်ခု နဲ့ စာချုပ်ချုပ်ခဲ့တဲ့ ပိုင်တံခွန်

ထိုင်းပျိုဖြူလေးတွေရဲ့ အသည်းကျော် ပိုင်တံခွန်ဟာ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာလဲ အလွန်ကို နာမည်ကြီးကျော်ကြားတဲ့ မြန်မာမင်းသားတစ်လတ်ပါနော်။ သူဟာ ထိုင်းနိုင်ငံရဲ့ ရုပ်ရှင်ကုမ္ပဏီတစ်ခုနဲ့ ရုပ်ရှင်ရိုက်ကူးဖို့ စာချုပ်ဆိုထားသလို ယခုအခါမှာ ဘဲ ကမ္ဘောဒီးယားနိုင်ငံရဲ့ ရုပ်ရှင်ကုမ္ပဏီတစ်ခုနဲ့ထပ်မံစာချုပ်ချုပ်လိုက်ပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံ နှင့် ကမ္ဘောဒီးယား နိုင်ငံရှိ ထိပ်တန်းရုပ်ရှင် ကုမ္ပဏီ နှစ်ခုပူးပေါင်း ကာ ပိုင်တံခွန် နဲ့ ရုပ်ရှင် ဇာတ်ကားများရိုက်ကူးဖို့အတွက် စာချူပ်ချူပ်ဆို ခဲ့တယ်လို့ သိရပါတယ်။

ပိုင်တံခွန် ရဲ့ ထူးခြားချက်က ဆံပင်ရှည်ရှည်ပြီး အရပ်အမောင်းကောင်းတာကြောင့် ကောင်မလေးတွေ အသဲအသန်ချစ်နေကြတာလဲဖြစ်ပါတယ်။ သူက အသံဝဲဝဲလေးနဲ့ ကောင်မလေးတွေကို ညှို့ယူဖမ်းစားထားတာလဲ ဖြစ်ပါတယ်။

ကမ္ဘောဒီယားရုပ်ရှင်ကုမ္ပဏီနဲ့အတူ ရုပ်ရှင်ရိုက်ကူးတော့မယ့် ပိုင်တံခွန့်ကိုအားပေးကြမယ်မဟုတ်လား ချစ်ပရိသတ်ကြီးရေ။ ပိုင်တံခွန်အတွက် ဂုဏ်ပြုစကားလေးပြောပေးခဲ့ပါအုံးနော် ။

Snow (mcc)

(Visited 642 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ