Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကန္နားစီးတစ်ယောက်ရဲ့ အသွင်အပြင်နဲ့ အမေဂျမ်း ဝင်နေတဲ့ နေတိုးရဲ့ဗီဒီယို

စွယ်စုံရမင်းသားကြီးလို့ နာမည်ကြီးကျော်ကြားနေတဲ့ နေတိုးဟာ သူတစ်ခါ မလုပ်ဆောင်ဖူးသေးတဲ့ ကန္နားစီး ကာရိုက်တာကိုအထက်တန်းစား ရုပ်ရှင်ဇာတ်ကားကြီးမှာ သူပီပီပြင်ပြင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ နတ်ဝင်သည်တစ်ဦးရဲ့ ကိုကြီးကျော်ပင့်ရင်း အမေဂျမ်းဝင်လာတဲ့အဖြစ်အပျက် ကို သရုပ်ဆောင်ထားတာ တကယ့်ကိုပီပြင်လှပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုးရဲ့ ကာရိုက်တာကတော့ ကန္နားစီး ဖေကြီး ဦးအောင်စည်ပါပဲဗျာ….ကိုကြီးကျော်ပင့်ရင်း အမေဂျမ်းဝင်လာတဲ့ အဖြစ်အပျက် တချို့နဲ့ ရိုသေလေးစားဦးနှိမ်ချလို့ ဖေကြီးအောင်စည်တဲ့…တချို့ကျတော့လည်း ချစ်စနိုးနဲ့ “အောင်” တဲ့ နားလည်ဖို့ခက်ခဲလှတဲ့ ဒီလူထူးလူဆန်းကြီးရဲ့ နောက်ကွယ်က သရုပ်သဏ္ဍန် အစစ်အမှန်က ဘယ်လို ဘယ်ပုံများ ဖြစ်နေမလဲဆိုတာတာ သိချင်ကြပြန်ပြီ မဟုတ်လား??” ဆိုတဲ့ စာသားလေးနဲ့ အထက်တန်းစား ရဲ့ နမူနာဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်။

အထက်တန်းစား ရုပ်ရှင်ဇာတ်ကားကြီးဟာ ရိုးရာဓလေ့ထုံးတမ်းစဉ်လာ ယုံကြည်ကိုးကွယ်မှုများဖြစ်တဲ့ ဓာတ် ၊နတ် ၊သိုက် ၊ပယောဂ နှင့် အကြားမြင်စတဲ့လျှို့ဝှက်ဆန်းကျယ်မှုတွေ ကို ရိုက်ကူးထားတာဖြစ်ပြီး ကန္နားစီး တစ်ယောက်ရဲ့ ခက်ခဲလှတဲ့ ဘဝပုံရိပ်တွေကိုလဲ ရိုက်ကူးပုံဖော်ထားတာဖြစ်တယ်လို့ သိ၇ပါတယ်။ အဆိုပါ အထက်တန်းစားရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီ နေတိုး ၊ ညီထွဋ်ခေါင်၊ သူရိယ၊ ကောင်းဆက်ထူး၊ ဝေယံကျော်၊ မြတ်ကေသီအောင်၊ စိုးမိုးကြည်၊ ပိုးအိအိခန့်နှင့် အနုပညာရှင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားပြီး ယခုလ သြဂုတ်လ၂၂ရက်နေ့မှာတော့ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

ပရိသတ်ကြီးအနေနဲ့ နေတိုးရဲ့ သရုပ်ဆောင်ချက်တွေကို စိတ်ဝင်စားနောကပြီလို့ ထင်မိပါတယ်။ ဗီဒီယိုလေးကို ခံစားသိမြင်နိုင်စေဖို့ ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူများ မျှဝေပေးသွားကြ့ပါဦးနော်။

Souce – အထက်တန်းစား ရုပ်ရှင်ဇာတ်ကား’sfbpage

(Visited 3040 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ