Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကင်ဆာ အဆင့် ၄ ဖြစ်ပေမယ့် အသက်ရှင် ရပ်တည်နေနိုင်တဲ့ အကြောင်းရင်းကို ပြောပြလာတဲ့ မီးမီးခဲ

ကင်ဆာရောဂါရဲ့ နောက်ဆုံးအဆင့်ကိုခံစားခဲ့ရပေမယ့် ကျန်းကျန်းမာမာနဲ့ အသက်ဆက်ရှင်နိုင်တဲ့ အာဃမိခင် မီးမီးခဲ ဟာ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ဆေးရုံကဆင်းခဲ့ပြီး လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေတွေတိုးတက်လာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူမကို ကင်ဆာအဆင့်၄ရောဂါ ခံစားခဲ့ရပေမယ့် အသက်ဆက်ရှင်သေးတာလားလို့ မေးလာတဲ့ ပရိသတ်တွေကိုလဲ အသေးစိတ်ရှင်းပြလာပါတယ်။

မီးမီးခဲပြောခဲ့တာကတော့ ” ဆေးရုံက ပြန်ဆင်းလာပြီး ၁၀ ရက်ကျော်အတွင်း ခြေထောက်အခြေအနေ တိုးတတ်လာပြီး ဓာတ်ကင်ထားတဲ့ဒဏ်တွေကြောင့်နာကျင်နေတဲ့အရိုးတွေသက်သာလာတာ ကျေးဇူးတော်ချီးမွမ်းပါတယ်..ကျွန်မအကြောင်းကိုတချို့သေချာမသိတဲ့သူတွေကို ရှင်းပြစရာတခုရှိပါတယ်..တခါတလေ တချို့သော commentsတွေက ကျွန်မအတွက် နာကျင်စေရလို့ပါ”

“ကျွန်မဟာ Breast Cancer stage 4 ကို2017 စပြီးခံစားရပါတယ်..အရိုးထဲကိုပြန် နှံ့သွားတဲ့အတွက် ရင်းသားကို ဖြတ်ထုတ် ဖို့နောက်ကျခဲ့ရပါတယ်..ဓာတ် ၇ခါနဲ့ chemo ကီမို ၅ ကြိမ်ပေးခဲ့ရပါတယ်..ဒါ့ကြောင့် Australia ရဲ့ဆေးကုထုံးအတိုင်း ထိန်းချုပ်ကုသရင်း ခရီးဆက် အသက်ရှင်နေတာ ဒီနေ့ထိပါပဲ..၂၀၁၈ မှာခေါင်းနဲ့လည်ပင်း တွေမှာထပ်ပေါ်လာလိုထပ်မံ့Radiotherapy 5 ကြိမ်လုပ်ခဲ့ပြီးပါပြီ၂၀၁၉ကတော့ ကျွန်မအတွက်ကျန်းမာဆုံးနှစ်ပေါ့..မြန်မာပြည်ကို ပြန်ခဲ့ပါတယ်..၂၀၂၀နှစ်အစ Mee Mee Khel (Back To You) Showလဲ အရမ်းအောင်မြင်ခဲ့လို့ကျွန်မရဲ့ဝမ်းသာမျက်ရည်များနဲ့ ခုထိပျော်ရွှင်နေဆဲပါ..😍”

“၂၀၂၀မြန်မာပြည်ကအပြန် မှာတော့ခြေထောက်က စနာလာပါပြီ..ကိုက်ခဲရုံမျိုးမို့သတိမထားခဲ့ပါ..ဆရာဝန်တွေက ကင်ဆာဆေးဒဏ်လို့ပဲ ထင်ခဲ့ကြပါတယ်..စစ်ဆေး ၂ ခါမြောက်မှာတော့ ခြေထောက်က ပေါင်ရင်း ဆက်ထားတဲ့တင်ပဆုံနားက ကျိုးပြီးအက်နေခဲ့တာပါ..သိသိချင်းပဲ ဆေးရုံတတ် ဓါတ်ကင်ရပါတ်ာနောက်ဆက်တွဲ ခါး နဲ့ညာဘက်နံရိုးပါ ကင်ဆာ အစက်တွေ တွေံတာကြောင့်Radiotherapy ထပ်ပေးရပါတယ်..၇ခါထပ် Trearment ယူပြီး ဆေးရုံကနေ ဆင်းခဲ့ရပါတယ်..လမ်းကတော့အရင်လို မဟုတ်ပေမဲ့ဖြေးဖြေးမှန်မှန်လေး စလျှောက်နေပါပြီး..အဆင့်၄ ရှိတဲ့ကင်ဆာ သမားက အသက်ရှင်သေးတယ်နော်လို့ပြောတဲ့ commentsလေးတခုတွေ့ပါတယ်..”

“ဘာကြောင့်လဲဆိုတာ ကျွန်မရဲ့အသက်ရှင်ချင်တဲ့စိတ်ကြောငိ့ပါလို့..ကင်ဆာရောဂါသည်လို့မခံယူပဲ ပုံမှန်မိသားစုဝင်တွေလို ပဲမျှတတဲ့အစားကိုစားသောက် စိတ်ညစ်စေမဲ့အတွေးတွေကိုဘေးဖယ်ပြီး အချိန်မှန်အိပ်စက်ခဲ့လို့ပါ..ဒါ့ကြောင့်ကျွန်မfacebook page ကို စသုံးခဲ့တာလဲ ကျွန်မလို မျော်လင့်ချက်မဲ့သူတွေ အချင်းချင်း ခွန်အားပေးရင်း မျှဝေ ရအောင်လို့ စာလေးတွေရေးပြီး ခွန်အားပေး ဝေမျှရင်း ပရိတ်သတ် မိတ်ဆွေများဆီးကနေ မေတ္တာနဲ့ ရေးတဲ့စာလေးတွေ ဖတ်ရင်းအားတင်း နေရတာပါ..ရှေ့ဆက် ကျွန်မရဲ့ရောဂါအခြေအနေ ဘာဖြစ်မလဲ ဘယ်လောကိထိ အသက်ရှင်ဦးမယ်ဆိုတာ ဘုရားမှ တစ်ပါးဘယ်သူမှ မသိနိုင်ပါဘူး..”

“ကျန်ရှိတဲ့နေ့ရက်လေးတွေကို ကျွန်မ အပြုံးနဲ့ အမြဲတမိးနိုး ထအသက်ရှင်ပါတယ်..သေမိန့်ချခံထားရသူတွေဟာ ကင်ဆာရောဂါ သယ်တွေလေဆိုပြီး ပြောကြတဲ့ စကားတွေရဲ့ဆန့်ကျင်ဘက်နဲ့ အသက်ရှင် နေ ခဲ့ပါတယ်..ဒါ့ကြောင့် ကျွန်မပြောချင်တာ ခဏတာ တိုတောင်းလှတဲ့လူ့ဘဝမှာအသက်ရှင်တုန်ုး နာရီတိုင်း အဓိပ္ပါယ်ရှိစွာ အသက်ရှင်ပါနော်..ကိုယ်အနားမှာရှိတဲ့သူကို တန်ဖိုးထားပါ..ချစ်ခြင်းမေတ္တာမျှဝေပါလို့…ကျွန်မအတွက်လဲ ဆုတောင်းသတိရပေးပါလို့…သမီးလေးနှစ်ယောက်နဲ့သားးတွေကို မနက်စာ ချက်ပြုတ်ပြီး ကျောင်းကို ပို့ပေးချင်သေးတယ်..”

“တနေကုန် အိမ်မှုကိစ္စတွေလုပ်ရင်း သားနဲ့သမီးတွေအခနိးတွေရှင်းရင်း ကလေးတွေရဲ့အဖေနဲ့သားသမီးတွေ ညနေစာကို ချက်ပြုတိပေးတဲ့ အိမ်ရှင်မကောင်း တယောက်အဖြစ်နဲ့ ဆက်အသက်ရှင်ချင်သေးတယ်..ဒါကျွန်မရဲ့မိခင်တယောက်ရဲ့ဆန္ဒပါ..အားလုံးကျန်းမာပျော်ရွှင်ပါစေ…God Bless You All..” လို့ဆိုကာ အသေးစိတ်ပြောပြခဲ့ပါတယ်။

မီးမီးခဲဟာ လက်ရှိမှာ ​သားတစ်ယောက် သမီးနှစ်ယောက်ရဲ့ မိခင်တစ်ဦးဖြစ်ပြီး သူနေကောင်းဖို့အတွက် ချစ်ပရိသတ်တွေက ဆုမွန်ကောင်းပေးလိုက်ကြပါအုံးနော်။ ဖတ်ရူ့ပေးကြသူတွေကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 4178 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ