Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကင်ဆာရောဂါသည်အချင်းချင်း လာရောက်ဖေးမကြောင်း ပြောပြလာတဲ့ မီးမီးခဲ

ဆိုးရွားလှတဲ့ ရင်သားကင်ဆာအဆင့် ၄နဲ့ ဦးခေါင်းခွံကင်ဆာတို့ကို ရှေ့ဆင့်နောက်ဆင့် ခံစားခဲ့ရပြီး အဆိုပါ ဝေဒနာနှစ်ခုလုံးကို အကောင်းဆုံးရင်ဆိုင်ကာ ဝေဒနာတွေကို အောင်နိုင်ခဲ့ပုံကို အသေးစိတ်ပြောပြလာခဲ့ပါတယ်။ သူမက ဝေဒနာတွေကို မာကြောတဲ့ စိတ်နဲ့ ကြိုးစားရင်ဆိုင်ခဲ့ပြီး ဘာသာတရားကိုလဲ အတက်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ခဲ့ပါတယ် ။ သူမ ရဲ့ ကိုယ်တွေ့ကျင့်ကြံ အားထုတ်မှုတွေကို တခြားသော ကင်ဆာရောဂါသယ်တွေ ဗဟုသုတရစေဖို့ အချက်အလက်တွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

သူမပြောပြခဲ့တာကတော့ ” ကျွန်မ သတင်းကို ကြားပြီးနောက်ပိုင်း ကင်ဆာဖြစ်နေတဲ့ဘဝတူတွေ များစွာ လာရောက်နှုတ်ဆက် အပြန်အလှန်ဖေးမ ဖြစ်ကြတယ်။ ကျွန်မတို့ဘဝတွေကို ကျွန်မတို့ပဲ ပိုသိခံစားနိုင်ကြတယ်။ အခု ပထမဆုံးခွန်အား ပေးချင်တာ နိုငိငံခြားမှာမကုရလို့အားမငယ်ပါနဲ့လို့ တကယ်တော့ ကင်ဆာ သမားတွေရဲ့အသက်ရှင်ဖို့ အဓိက သော့ချက်က စိတ်ဓါတ်လုံးဝ အကျမခံဖို့ပါပဲ။ အဓိကက စိတ်ဖိစီး မှု လုံးဝမခံ ဖို့လိုပါတယ် ။ အဲ့ဒီstress တွေက လူကို သေတွင်းဆွဲချ သွားတာပါပဲ ဘာသာရေး ဘက်ကို ဦးတည်ပါ စိတ်ငြိမ်သက်ပျော်ရွှင်ဖို့လဲအင်မတန်မှအရေးကြီးပါတယ်”

”ကျွန်မက Aussie မှာ နေတာကိုပျောက်မှာပေါ့ လို့မထင်လိုက်ပါနဲ့ ဆရာဝန်တွေက စဖြစ်ထဲက သေမယ်ပဲပြောခဲ့တာပါ ကျွန်မရဲ့စဖြစ်တဲ့အချိန်လေးပဲ ယူကြုံးမရတာလောက်ပဲရှိပေမဲ့ အချိန်မှီ ပြန်ထနိုငိခဲ့ပါတယ် ။ ကီမိုသွင်းတော့လဲ ဆံပင်တွေကျွတ် ငိုရပြန်တာပေါ့ ။ မှန်တောင်မကြည့်ရဲဘူး အဲ့ဒီအချိန်ထိ ဒါပေမဲ့ ကျွန်မက ဘုရားရှိခိုးရတာ ကို အင်မတန်မှ မြတ်နိုတတ်သူဖြစ်တယ် ။ ဆုတောင်းကျမ်းစာဖတ် တရားဟောချက်တွေကို နားထောင် ခဲ့ပါတယ်။ စိတ်ကို အလွင့်မခံ ဖို့အရေးကြီးပါတယ်။ စိတ်ညစ်သွားတာနဲ့အစားမစားချင်တော့တာပါပဲ ”

” ကင်ဆာဆေးက အရသာ မဲ့ ပါတယ်။ ဘာစားစား ဘာမှကို မသိတာပါ ။ ဒါပေမဲ့ကျွန်မကတော့ မျက်စိမှတ်ပြီး မနက်နေ့လည် ညစာ ပုံမှန်စားတယ် ။ စားသောက်ပုံတွေကတော့ မနက် နိုးတာနဲ့ ရေး အဝသောက်တယ်။ Vitamin C ရေဆူဆေးပြား ၁ ခုနို့နဲ့Cereal ( သကြားမပါ) စားတယ် Or ပေါင်မုန့်ညို နဲ့စတော်ဘယ်ရီ ယို ၂ ချပ် ဌက်ပျောသီး တစ်လုံး လိမ္မော်သီး တလုံး Lunch ကတော့ ထမင်းစားပါတယ်။ ကြိုက်တဲ့ဟင်းတမျိုးနဲ့အရွက်တွေ အသီးအနံတွေ က ပိုစားပါတယ် ။ ထမင်းကို လက်ဖက်ရည်ခွက် တခွက်စာပဲစားပါတယ်။ ဟင်းချိုအမြဲသောက်ပါတယ်။ ကြက်သားပြုတ်ရည် ကို အမြဲသောက်တယ် အဲ့ဒီအထဲ အမျိုးမျိုး ထည့်သောက်ဖြစ်ပါတယ် ”

” အများအားဖြင့် အပ်မှီု နဲ့သောက်တာများပါတယ်။ အစားများတဲ့အသီးအနှံတွေက ရုံးပတေသီး ,ဆလပ်ရွက်,ပန်းကော် ဖီ အစိမ်း,ပြောင်းဖူး ,ခရမ်းချဉ်သီး, ကိုက်လန် , ကန်ဇွန်းရွက် သင်္ဘောသီးအစိမ်း ပြုတ် ,ကြက်ဟင်းခါးသီး Dinner ညနေစာ ထမင်းမစားပါဘူး ။ အသီးတွေကို ကြိတ်ပြီးသောက်ပါတယ် စပျစ်သီး မုန်လာဥနီ blueberry, resberry,rock melons, beetroot အရွက်တွေကို သုတ်စားဖြစ်တယ် ။သဘောၤရွက် ကြိတ်တဲ့ အရည်ကိုညတိုင်းသောက်ပါတယ်။ ဆနွေး အလုံး ၅ လုံးကို ညနေတိုင်း သောက်ပါတယ်။ ကျွန်မကတော့ အသားလျော့ တယ် ။ ထမင်းကို တနပ်ပဲစားတယ်။ အဆီနဲတာရှောင်စားတယ် ။ အချိုလဲ သိပ်မစားဖြစ်ဘူး တခါတလေတော့ လဲ နဲနဲပါးပါးစားပါတယ်။ ဒီလောက်ပါပဲ ”

” ကျွန်မရဲ နေထိုင်မှုပုံစံက တရက်ကို တရေးတော့ရအောင်အိပ်ပါတယ်။ အရေးကြီးဆုံး က အရမ်းအပင်ပန်းမခံဖို့ပါပဲ ။ အချိန်မှန်အိပ်အချိန်မှန်စား နိုင်ရင် တော့ အကောင်းဆုံးပါပဲ။ ဝမ်းလဲမှန်ဖို့လိုပါတယ် ရေကို အများကြီးသောက်ဖို့လိုပါတယ်။ နေ့တိုင်း ပုံမှန်အားဆေး ၁ လုံး နဲ့Vitamin D အားဆေး ၁ လုံး သောက်ပါတယ်။ ကျေးဇူးပါပဲနော် တယောက်ချင်းစီ မဖြေနိုင်လို့အခု လို အားလုံးအတွက်ဖြေပေးလိုက်ပါတယ်နော်။ God Bless You All.. Share နိုင်ပါတယ်? ”လို့ ဆိုပြီး အစားအသောက်တွေကို စားသုံးပုံ အသေးစိတ်တွေကိုပါ ပြောပြခဲ့ပါတယ်။

အသေးစိတ်ဖတ်ရှု့ပေးကြတဲ့ ပရိသတ်ကြီး ကိုကျေးဇူးတင်ပါတယ်။ မျှဝေပေးသွားပါအုံးနော်။

Source – mee mee khel’s fb page

(Visited 533 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ